ဧပြီ ၇ ရက်ကနေစပြီး ၁၂ရက်နေ့အထိ လောကနတ်မှာ ကာတွန်းပြပွဲ ရှိပါတယ်။ Facebook သုံးလေ့ရှိသူများ သတင်းဖြန့်ပေးကြပါ။ နှုတ်နဲ့ ဖုန်းနဲ့ ပြောပေးကြပါ။ ကာတွန်းတွေ ရောင်းချလို့ ရတဲ့ငွေ ၈၀% ကို သက်ကြီး ကာတွန်း ဆရာကြီး များကို ပူဇော် ကန်တော့မှာပါ။ တင်သမျှ ကာတွန်း အားလုံး ပြပွဲ စိစစ်ရေးက ခွင့်ပြုပါတယ်။ ကာတွန်း အများစုက original ဆွဲထားတာတွေပါ။ များများ ရောင်းရမှ များများ ကန်တော့ နိုင်မှာမို့ လူများများ သိစေချင်ပါတယ်။ ကာတွန်းပြပွဲ တွေက ရှားပါးတာမို့ အခုလို နွေကျောင်းပိတ် ရက်မှာ လူငယ်တွေ ကြည့်စေချင်ပါတယ်။ လူများများ ကြည့်လို့ ပြပွဲစရိတ် ပိုမကုန်ပါ။ သင်္ကြန်ပိတ် ရက်နီးလို့ ဂျာနယ်တွေ မထွက်တော့လို့ ဒီပြပွဲသတင်း ဂျာနယ်မှာ အချိန်မီပါဖို့ မဖြစ်နိုင်တော့ပါ။ လူသတင်း လူချင်းဆောင်ရင်း ကာတွန်း အနုပညာကို ကူညီစေချင်ပါတယ်။ များများ ရောင်းရမှ များများ ကန်တော့နိုင်မှာပါ။
အော်ပီကျယ်
No comments:
Post a Comment